*** ကြိုတင်စာရင်းပေးသွင်းခြင်းမပြုမီ သေချာဖတ်ရှုပါရန်။ ***
၁။ ပွဲအခမ်းအနားတစ်ရက်စီအတွက် တစ်ဉီးလျှင် လက်မှတ် (၁) စောင်သာ စာရင်းတင်သွင်းခွင့်ရှိသည်။ လူတစ်ဦးချင်းစီ စာရင်းသွင်းရာတွင် အီးမေးလ်အကောင့် တစ်ခုသာ အသုံးပြုရမည်ဖြစ်ပြီး၊ အီးမေးလ်အကောင့်တစ်ခုလျှင် တစ်ရက်တည်း၌ တစ်ကြိမ်သာ မှတ်ပုံတင်ခွင့်ရှိသည်။ ဝင်ခွင့်လက်မှတ်များမှာ (လုံးဝ)အခမဲ့ဖြစ်ပြီး ဝင်ခွင့်လက်မှတ်ရှိသူများသာ နေ့စဉ် နံနက် ၁၀း၀၀ မှ ညနေ ၆း၂၀ အထိ “Thai Festival 2025 in Yangon” နှင့် “T-Pop Star Challenge, Myanmar Season 2” အစီအစဉ်များကို ဝင်ရောက်ကြည့်ရူနိုင်မည်ဖြစ်သည်။
၂။ ပွဲတော်ကျင်းပရေး ကော်မတီအဖွဲ့မှ အတူတူတက်ရောက်မည့် ပရိတ်သတ်များ၊ အနုပညာရှင်များနှင့် အခြားဖျော်ဖြေရေးပါဝင်သူများ၏ လုံခြုံမှုနှင့် သင့်တော်သော ပတ်ဝန်းကျင် ဖြစ်စေရေးအတွက် ပွဲအခမ်းအနားတက်ရောက်သူတိုင်း အသက် ၁၅ နှစ်နှင့် အထက်( ၂၀၁၀ နှင့်အစောပိုင်းမွေးသည့်သူများ )ဖြစ်ရမည်။
၃။ စာရင်းပေးသွင်းသည့်အခါ ပြင်ဆင်ထားရမည့် အချက်များ ၃.၁ မြန်မာနိုင်ငံသားများအတွက် မိမိ၏ နိုင်ငံသားမှတ်ပုံတင်ကတ်(Smart Card အပါအဝင်) သို့မဟုတ် ကျောင်းကတ်၊ နိုင်ငံခြားသားများအတွက် မိမိ၏နိုင်ငံကူးလက်မှတ်၊ အီးမေးလ်နှင့် အပေါ် အခြေအနေများတွင် ဆက်သွယ်နိုင်သော ဖုန်းနံပါတ်တို့ကို မှန်ကန်စွာဖြည့်စွက်ရန်လိုအပ်ပါသည်။ ၃.၂ အနည်းဆုံး အောက်ပါ ဆိုရှယ်မီဒီယာ ၃ ခုကို FOLLOW လုပ်ထားရမည်။ (နောက်ထပ် သိသင့်တာများအား တင်ပေးသွားမည့် တရားဝင် Channel များ။) ၃.၃ အရေးပေါ်အခြေအနေတွင် ဆက်သွယ်နိုင်သော ပုဂ္ဂိုလ်၏ အမည် နှင့် ဖုန်းနံပါတ်။
န်းနံပါတ်တစ်ခု ( အရေးပေါ်အခြေအနေများအတွက် ဆက်သွယ်နိုင်ရမည် ဖုန်းနံပါတ်ဖြစ်ရပါမည်) ပြင်ဆင်ထားရန်။ ဖုန်းနံပါတ်နဲ့ အီးမေးလ် မစစ်မှန်ကြောင်းဖော်ထုတ် တွေ့ရှိပါက ပွဲတော်ကျင်းပရေး ကော်မတီအဖွဲ့မှ ရုပ်သိမ်းခွင့်ရှိသည်။ ၃.၂ အနည်းဆုံး အောက်ပါ ဆိုရှယ်မီဒီယာ စာမျက်နှာ ၃ ခုကို FOLLOW လုပ်ထားရမည်။ (နောက်ထပ် သိသင့်တာများအား တင်ပေးသွားမည့် တရားဝင် Channel များ။)
- Facebook: Thai Festival in Myanmar
- Facebook: T-Pop Star Challenge, Myanmar
- YouTube: Royal Thai Embassy, Yangon
- YouTube: T-Pop Star Challenge, Myanmar
- Instagram: @thailandinmyanmar
၄။ ကြိုတင်စာရင်းသွင်းပြီးတဲ့နောက် Reservation ID ကိုလက်ခံရရှိခြင်းဖြင့် ကိုယ်စာရင်းသွင်းထားသောပွဲအခမ်းအနားနေ့ရက်အတွက် နံနက် ၁၀း၀၀ မှ ညနေ ၆း၂၀ အထိ စတိတ်စင်ရှိအခမ်းအနားတက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။ စာရင်းသွင်းထားသည့်လက်မှတ်များကိုအခြားသူများထံ လွှဲပြောင်း၍မရပါ။ ပွဲအခမ်းအနားနေ့တွင် စာရင်းဖြည့်ထားသည့် အချက်အလက်များထပ်မံစစ်ဆေးမည်ဖြစ်သောကြောင့် စာရင်းမသွင်းမှီ မှန်ကန်သောအချက်အလက်များကိုသာဖြည့်သွင်းရန် အထူးသတိပြုပါ။
၅။ ကြိုတင်စာရင်းတင်သွင်းခြင်း ပြီးဆုံးသည်နှင့် Reservation ID ပါသော မှတ်တမ်းစာမျက်နှာ ပေါ်လာပါမည်။ ထိုစာမျက်နှာကို Screenshot ပြုလုပ်ထားရမည်။ ကြိုတင်စာရင်းသွင်းအောင်မြင်ကြောင်း အတည်ပြုစာလည်း သင့်အီးမေးလ်စီဝင်လာပါမည်။
** ၆။ ထိုင်ခုံလက်မှတ်ရယူရန်အတွက် ကြိုတင်စာရင်းတင်သွင်းထားသော ပွဲအခမ်းအနားနေ့ရက်တွင် အောက်ပါအချက်များအတိုင်း လုပ်ဆောင်ရမည်။ ၆.၁ (၁) မူရင်း မြန်မာနိုင်ငံသားမှတ်ပုံတင်ကတ်၊ ကျောင်းသားကတ် (Student Card) သို့မဟုတ် နိုင်ငံခြားသားအတွက် (Passport) မူရင်း၊ ( ၂ )Booking Confirmation အတည်ပြုစာရဲ့ စာမျက်နှာ Screenshot ပုံ သို့မဟုတ် အီးမေးလ်၊ (၃) စာရင်းတင်သွင်းတုန်းက ဖြည့်ထားသော ဖုန်းနံပါတ်နှင့်အတူ သင့်လက်ကိုင်ဖုန်းထဲကဖုန်းနံပါတ် တို့ကိုပြင်ဆင်ထားရန်။ ၆.၂ Novotel Yangon Max သို့ ရောက်တဲ့အခါ “Enter to event stage” လမ်းကြောင်းအတိုင်းဝင်ပါ။ မိမိ၏သူငယ်ချင်းများနှင့်အတူထိုင်လိုပါက ထိုင်ခုံလက်မှတ်ရယူချိန်တွင် သူတို့နှင့်အတူဝင်ရပါမည်။ ၆.၃ ထိုင်ခုံလက်မှတ်များကို ပွဲရက်တိုင်း နံနက် ၈း၃၀ မှ နေ့လည် ၁၃း၀၀ နာရီအတွင်းထုတ်ပေးသည်။ ** ၆.၄ အဆိုပါပွဲရက်စွဲ၏ ၁၃း၀၀ နာရီမတိုင်ခင် လက်မှတ်လာထုတ်ယူခြင်းမရှိပါက စာရင်းသွင်းထားသည်ကိုပယ်ဖျက်၍ ထိုင်ခုံရယူလိုသောအခြားသူများထံပေးအပ်သွားမည်ဖြစ်သည်။ ၆.၅ ထိုင်ခုံများကိုပွဲစီစဉ်သူမှ တန်းစီသည့်အစဉ်လိုက်အတိုင်း သတ်မှတ်ပေးခွင့်ရှိသည်။ ပထမဦးဆုံး လာရောက်သူများအား စင်ရှေ့တန်းထဲတွင် ထိုင်ခုံပေးမည်ဖြစ်ပြီး၊ နောက်မှလာသူများအား နောက်အတန်းများတွင် ထိုင်ခုံသတ်မှတ်ပေးမည်ဖြစ်ပါသည်။ ၆.၆. ထိုင်ခုံအမှတ်ရရှိပြီးပါက မမိထိုင်ခုံသို့ ၁၃:၀၀ နာရီမတိုင်မီ ပြန်လာရန် အကြံပြုပါသည်။ သို့မှသာ အဓိကဖျော်ဖြေပွဲများကို ပြည့်ပြည့်ဝဝကြည့်ရှုခံစားနိုင်မည်ဖြစ်ပါသည်။
**၇။ ပွဲအခမ်းအနားအတွင်းလှုပ်ရှားမှုများကို အမှန်တကယ်လာရောက် တက်ကြွပါဝင်ပြီးပျော်ရွှင်လိုသူများအတွက် ဤ ပွဲတွင်အခမဲ့စီစဥ်ကျင်းပထားခြင်းဖြစ်သည်။ လက်မှတ်ပြန်လည်ရောင်းချသောပွဲစားများ၊ လိမ်လည်အတုအယောင်လုပ်သူများအား ပွဲတော်ကျင်းပရေးကော်မတီအဖွဲ့မှ အထူးဆန့်ကျင်ပါသည်။ အကယ်၍ တစ်စုံတစ်ဦးထံမှ အခမဲ့ပေးသောလက်မှတ်ကိုငွေကြေးပေးဝယ်ယူခြင်းကိစ္စများဖြစ်ပေါ်ခဲ့ပါကပွဲစီစဉ်သူများမှ တာဝန်ယူမည်မဟုတ်ပါ။